ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အသက် ၁၂ အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း (Booster Dose)ဆက်လက်ထိုးနှံပေး

ဆိပ်ကြီးခနောင်တို ဇွန် ၂၈

ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ အသက် ၁၂ အထက် ကျောင်းသား၊ ကျောင်းသူလေးများအား ယနေ့နံနက် ၉ နာရီမှစ၍ အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-ခနောင်တို)ခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာ ကာကွယ်ဆေးထပ်ဆောင်း(Booster Dose) ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိသူနာပြုဆရာမကြီး ဒေါ်ခင်ပပလွင်ဦးဆောင်၍  သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အသက် ၁၂ နှစ်မှ  ၁၈ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူလေး ၁၂၅ ဦးအားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း (Booster Dose)အဖြစ် Sinopharm ဆေးထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးကို ဇွန်လ ၃၀ ရက်နေ့အထိ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်‌ကြောင်းလည်း သိရသည်။

ဝေယံ(IPRD)