မဟာအောင်မြေမြို့နယ်အတွင်းရှိ မွေးကင်းစမှ တစ်နှစ်ခွဲအရွယ်ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံ၊ တိုက်‌ကျွေးခြင်းဆောင်ရွက်

မဟာအောင်မြေ ဇွန် ၂၈

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ မွေးကင်းစမှ တစ်နှစ်ခွဲအရွယ်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကူးစက် ရောဂါ ဖြစ်ပွားခြင်းမှ ကင်းဝေးစေရန်နှင့် ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ထက်မြတ်စေရန် အသက်အရွယ်အလိုက် ထိုးနှံပေးခြင်း၊ ကိုယ်ဝန် ဆောင်မိခင်များလည်း မေးခိုင်ကာကွယ်ဆေးနှင့် ကိုယ်ဝန်ဆောင်အားတိုးဆေးများထိုးနှံ/တိုက်ကျွေးခြင်း လုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက် ဣစ္ဆာသယကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မဟာအောင်မြေမြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကလေးငယ်များအား ကူးစက်ရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ရန်၊ ကာကွယ်ဆေးထိုးမှတ်တမ်းကတ်များပြုလုပ်ပေးခြင်း၊ ရိုတာ၊ ပိုလီယို (အကြောသေ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ဆုံဆို့-ကြက်ညာ-မေးခိုင်-အသည်းရောင် အသားဝါ(ဘီ)-ဉီးနှောက်အမြေးရောင် (ငါးမျိုးစပ်ကာကွယ် ဆေး)များအပြင် အသက်အရွယ်အလိုက် ပြင်းထန်အဆုပ်ရောင် ကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုးကာကွယ် ဆေး၊ပိုလီယိုဝမ်းပျက်ဝမ်း‌လျှောကာကွယ်ဆေးများ၊ ကိုယ်ဝန်‌ဆောင်အားတိုး‌ဆေးနှင့် မေးခိုင်ကာကွယ်ဆေးများလည်းထိုးနှံ/တိုက်ကျွေး ပေးခဲ့ကြောင်းနှင့်အကြောင်းအမျိုးမျိုးကြောင့် မွေးကင်းစမှတစ်နှစ်ခွဲအထိ ဆေးမထိုးရသေးသည့် ကလေးငယ်များအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းများကို တနင်္လာနေ့တိုင်း အောင်မေတ္တာ ဓမ္မာရုံ၊ အင်္ဂါနေ့တိုင်းသိမ်တော်ဓမ္မာရုံး၊ ဗုဒ္ဓဟူးနေ့တိုင်း ဣစ္ဆာသယကျောင်း၊ ကြာသပတေးနေ့တိုင်း မြို့နယ်ကျန်းမာရေးဌာနရုံးသို့ အပတ်စဉ် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဌာန ဝန်ထမ်းတစ်ဉီးထံမှ သိရသည်။

အောင်ဇော်မင်း