ညောင်ဦးမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ချေးငွေထုတ်ချေးခြင်း အခမ်းအနား ကျင်းပ

ညောင်ဦး  ဇွန် ၂၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ နိုင်ငံ့စီးပွားရေး မြှင့်တင်ရန်ပုံငွေဖြင့် ချေးငွေထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံမှ သိရသည်။

ရှေးဦးစွာ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်တို့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ထုတ်ချေးခြင်း ခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။ ပြီးနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ ငွေမှချေးငွေး ထုတ်ယူချေးနိုင်ရန် တင်ပြထားသည့် ပုန်းရည်ကြီးလုပ်ငန်းရှင်များ၊ ယွန်းလုပ်ငန်းရှင်များနှင့် ထန်းတောင်သူ လုပ်ငန်းရှင်များအား ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်း၊ ညောင်ဦးမြို့ယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်တို့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်သိန်း (၉၀၀) အား  ပုန်းရည်ကြီးလုပ်ငန်းရှင်များ၊ ယွန်းထည်လုပ်ငန်းရှင်များနှင့် ထန်းတောင်သူ လုပ်ငန်းရှင်များအားပေးအပ်ခဲ့ကာ အခမ်းအနားသို့ ညောင်ဦးခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုစာရေးဝန်ထမ်းများ၊ စီးပွားလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း