တိုက်ကြီး ဇွန် ၂၈
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဆေးလိပ်သောက်ခြင်းအန္တရာယ် အသိပညာပေး Talk Show ဆွေးနွေးပွဲကိုကို ယမန်နေ့ ညနေ ၃ နာရီက ကျင်းပသည်။
အဆိုပါ Talk Show တွင် မြန်မာနိုင်ငံသတင်းစာဆရာများအသင်းဉက္ကဋ္ဌ စာရေးဆရာ ထွန်းလှိုင်(မြိုင်)၊ တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဉီးစီးအရာရှိ ဒေါ်စန်းကလျာခိုင်နှင့် ဦးအောင်ခန့်ဇော်တို့က ဆေးလိပ်သောက်ခြင်း၏ဆိုးကျိုးများ၊ ဆေးလိပ်သောက်ခြင်းကြောင့် မိမိကိုယ်တိုင်သာမက မိမိပတ်ဝန်းကျင်ရှိ လူများကိုပါကျန်းမာ ရေးထိခိုက်စေကြောင်းနှင့် ဆေးလိပ်မသောက်သုံးသင့်သည့် နေရာများတွင် ဆေးလိပ်သောက်သုံးခြင်း မှရှောင်ကြဉ်ကြပါရန်နှင့် ဆေးလိပ်အန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပညာပေး ဆွေးနွေးသည်။
အဆိုပါ ဆေးလိပ်သောက်ခြင်းအန္တရာယ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် တိုက်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန် / ဆက်)