ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေး

ဒဂုံမြောက် ဇွန် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကျောင်းသား ကျောင်းသူများအား ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ်နှင့် စတုတ္ထအကြိမ် Booster Dose ထိုးနှံပေးခင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်မှုဖြင့် ယမန်နေ့က အမှတ်(၃၀)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း‌တွင်  ကျောင်းသား ကျောင်းသူ(၃၅၀)ဦးအား ထိုးနှံပေးခဲ့ ကြောင်းသိရသည်။ ကာကွယ်ဆေးထိုးနှံပေးရာသို့ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် တာဝန်ရှိသူများမှ ပူးပေါင်း၍ ထိုးနှံ‌ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ (ပြန်/ ဆက်)