ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးနှင့် အသွားအလာ ကန့်သတ်စောင့်ကြည့် စခန်းများအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ လှူဒါန်း

ကွမ်းခြံကုန်း   အောက်တိုဘာ  ၁၁

ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်ကွမ်းခြံကုန်းမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှအထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်း များနှင့်လူသုံးကုန်ပစ္စည်းများကို ယမန်နေ့ မနက်ပိုင်းကမြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့်အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းများသို့သွားရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်ပြည်သူ့ဆေးရုံကြီးအတွက်ကိုဗစ်-၁၉ ကာကွယ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် PPE(၅၀)ထည်၊Surgical Mask (၅၀၀)ခု၊Surgical Gown (၅၀)ထည်၊N95Mask-1860s(၃၀)ခု ၊Face Shield (၁၀၀)ခု ၊Plastic Apron (၁၀၀)ခုပါ(၅)ထုပ်၊ ခေါင်းစွပ်(၁၀၀)ခုပါ (၃)ဗူး၊ လက်အိတ်(၁၀၀)ခုပါ(၅)ဗူး တို့အတွက်စုစုပေါင်းငွေကျပ် (၇၇၄၂၅၀)တန်ဖိုးရှိပစ္စည်းများကိုဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများကလှူဒါန်းခဲ့ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြတ်သူက လက်ခံရယူပြီးဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်ပြီးအသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းများအတွက် လိုအပ်သော ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့်အသုံးအဆောင်ပစ္စည်းများဖြစ်သည့်Surgical Gown(၅၀) ထည်၊Surgical Mask(၁၀၀၀)ခု၊Face Shield (၂၀၀)ခု ၊ရေမလိုလက်သန့်ဆေးရည်

(၅၀၀)မီလီ(၅)ဗူး ၊လက်ဆေးဆပ်ပြာရည်(၅၀၀)မီလီ(၅)ဗူး ၊အရက်ပျံ(၅၀၀)မီလီ(၅)ဗူး ၊လက်အိတ် (၁၀၀)ခုပါ (၂)ဗူး ၊Plastic Apron(၁၀၀)ခုပါ(၂)ထုပ်၊KN95Mask(၂၀)ခု ၊သွားတိုက်ဆေး၊သွားပွတ်တံ၊ ဆပ်ပြာတုံး (၃)မျိုးတွဲ(၅၀)စုံ၊မြက်ဖျာ၊ ခေါင်းအုံး၊ခေါင်းအုံးစွပ်၊စောင်၊ခြင်ထောင်၊ဂွမ်းကပ်(၅၀)စုံ၊ရေချိုးခွက်၊သောက်ရေခွက် ၊ဆပ်ပြာခွက်(၅၀)စုံ ၊အမှိုက်ပုံးကြီး(၆)လုံး၊ အပူချိန်တိုင်းကရိယာ(၃)ခု စုစုပေါင်းတန်ဖိုးငွေအားဖြင့်ကျပ် (၁၂၆၁၁၀၀)ရှိသောပစ္စည်း များကိုလှူဒါန်းခဲ့ရာမြို့နယ် ကိုဗစ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် များကလက်ခံရယူခဲ့ကြောင်းသိရသည်။

ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)