ဒဂုံအရှေ့ ဇွန် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသူက မြို့နယ်တွင်ရေးစီးရေလာကောင်းမွန်ရေး၊ အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများသွေးလွန်တုပ်ကွေးရောဂါမဖြစ်စေရန် သက်ဆိုင်ရာဌာနများမှပူးပေါင်းဆောင်ရွက်ပေးနေမှု အပတ်စဉ်အစိုးရဌာနများ၊ ဈေးများ ၊စာသင်ကျောင်း၊ ရပ်ကွက်၊ ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းများတွင် ဖုန်း၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား အပတ်စဥ်သက်မှတ်ရက်များအလိုက်ဆောင်ရွက်ကြရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးလျှပ်စစ်ကြိုးများသစ်ပင်သစ်ကိုင်းများဖြင့် မလွတ်ကင်းပါကရပ်ကွက်တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများဖြင့် ချိတ်ဆက်ဆောင်ရွက်ထားရန်၊ (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့်ပြိုင်ပွဲများကျင်းပမှု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ဌာနဆိုင်ရာများလုပ်ငန်းများအတွက် လိုအပ်ပါကပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်းစသည်တို့ကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဗိုလ်မှူးသက်ဇော်မှ ဆွေးနွေးပြောကြားပြီး မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးဦးကျော်ဝင်းထွန်းကဦးတည်အုပ်စုများအလိုက် နိုင်ငံဝန်ထမ်းများနှင်၎င်းတို့၏မိသားစုဝင်များကို ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းလုပ်ငန်းများကို ဇွန်လ(၂၆)ရက်နေ့တွင် စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်းပြောကြား၍ ရပ်ကွက်တာဝန်ရှိသူများကလည်းအသီးသီး တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများတက်ရောက်ကြကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)