မြင်းခြံမြို့ အ.ထ.က-ခွဲ (အလင်းရောင်) ကျောင်းတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မြင်းခြံ ဇွန် ၂၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အ.ထ.က-ခွဲ(အလင်းရောင်)ကျောင်းတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၉) နာရီ အချိန်က ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြင်းခြံခရိုင်  လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ဌာနစိတ်မှ ဒုတိယရဲမှူး နေလင်းနှင့် ရဲအုပ် ကျော်ဆန်းတို့က လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပ‌ဒေများ၊ လူကုန်ကူးမှု ဖြစ်စဉ်များ၊ လူကုန်ကူးမှုဆိုင်ရာ ပြစ်မှု/ပြစ်ဒဏ်များ၊ Online လူကုန်ကူးမှုဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်သည့် အသိပညာပေးဆိုင်ရာများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ အ.ထ.က-ခွဲ(အလင်းရောင်)ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၆၀) ဦး တက်ရောက်ခဲ့ပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)