အလုံမြို့နယ်၌ ​နေအိမ်ပြင်ပထွက်ခွာသူများ၊ စျေး​ရောင်းချသူများနှင့်​စျေးဝယ်သူများ ပါးစပ်၊နှာ​ခေါင်းစည်း(Mask)များတပ်ဆင်​ရေး စစ်​ဆေးကြပ်မတ်ခြင်းများ အရှိန်အဟုန်မြှင့် ​ဆောင်ရွက်

အလုံ  ​အောက်တိုဘာ   ၁၁

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင်း​နေထိုင်ကြ​သော ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် နိုင်​ရေးအတွက်  နေအိမ်ပြင်ပထွက်ခွာသူများ၊  ​စျေး​ရောင်းသူ များနှင့်​စျေးဝယ်သူများ ပါးစပ်၊နှာ​ခေါင်းစည်း(Mask)များတပ်ဆင်ခြင်းရှိ၊မရှိ  စစ်​ဆေးကြပ်မတ်ခြင်းကို ယ​နေ့ နံနက်(:၀၀)နာရီ အချိန်က အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။

ထိုသို့​ဆောင်ရွက်ရာတွင် မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာ​ရေး​ကော်မတီတို့ပါဝင်​သော ပူး​ပေါင်း အဖွဲ့မှ  မြို့နယ်တွင်းရှိ အလုံ​စျေးနှင့် ဆင်မင်း​စျေးတို့တွင် အဖွဲ့()ဖွဲ့ခွဲကာ​နေအိမ်ပြင်ပ ထွက်ခွာသူများ ၊​စျေး​ရောင်း၊​စျေးဝယ်များအား ပါးစပ်၊ နှာ​ခေါင်းစည်း(Mask)များ တပ်ဆင် ခြင်း ရှိ၊မရှိစစ်​ဆေး ကြပ်မတ်ခဲ့သည်။

ထိုသို့စစ်​ဆေးရာတွင်  mask တပ်ဆင်လာခြင်းမရှိသူများအားတစ်ဦးလျှင် ဒဏ်​ငွေအဖြစ်ငွေကျပ် ၂၀၀စီကိုပေး​ဆောင်​စေခြင်းနှင့်နေအိမ်ပြင်ပထွက်ခွာတိုင်း mask မဖြစ်မ​နေတပ် ဆင်ရန်နှင့်ခပ်ခွာခွာ    ( Social  Distancing ) နှင့် အညီ​နေထိုင်ကြရန်သတိ ပေး​ပြောကြား ခြင်း များကိုဆောင်ရွက်ခဲ့ပြီး    စစ်​ဆေးချိန်တွင် ပါးစပ်၊ နှာ​ခေါင်းစည်း(Mask)တပ်ဆင်လာ ခြင်း မရှိသူ(၁၀)ဦးအား အ​ရေးယူ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

တင်တင်ချို(အလုံ)