အလုံ အောက်တိုဘာ ၁၁
အလုံမြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများတွင် ဆောင်ရွက် ရန် အတွက် အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကွင်းကျောင်းပရိယတ္တိစာသင်တိုက်မှ ယမန်နေ့က မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီသို့ အလှူငွေများလှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် အလှူရှင် အလုံမြို့နယ်၊ ၊ ဆင်မင်းရပ်ကွက်၊ ကွင်းကျောင်း ပရိယတ္တိ စာသင်တိုက်မှ ပဓာန နာယက ဆရာတော် ဦးသုဇာတ ကိုယ်စား ဆင်မင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် ရပ်မိရပ်ဖ ဒါယိကာများက အလှူငွေကျပ် သိန်း(၁၀၀)ကို လာရောက်ပေးအပ်လှူဒါန်းခဲ့ရာ အလုံမြို့နယ်အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဥ်ယဥ်မြင့်နှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်း လွှာပြန်လည်ပေးအပ်ခဲ့သည်။
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အသွားအလာကန့်သတ်စောင့်ကြည့်စင် တာများကို အ-ထ-က(၇)နှင့် အ-ထ-က(၄) အလုံတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါ အသွားအလာကန့်သတ် စောင့်ကြည့် နေရာများသို့ စေတနာရှင် အလှူရှင်များ က နေ့စဉ် အလှူငွေ၊ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် စားသောက်စရာများကို နေ့စဉ်မပြတ် လာ ရောက် လှူဒါန်း လျက်ရှိကြောင်းသိရသည်။
တင်တင်ချို(အလုံ)