ဒဂုံမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ​ကျောင်းများနှင့် လူစည်ကားရာနေရာများ၌ဖြန့်ဝေ

ဒဂုံ ဇွန် ၂၇

ရန်ကုန်တိုင်းဒေသကြီး​၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ ပြည်သူများ၊ အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေကြသည့် ကျောင်းသား/သူများ မူးယစ်ဆေးဝါး၏ အန္တရာယ်၊ ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာကျောင်းများနှင့် မြို့နယ်အတွင်းရှိ ပြည်သူများထံသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်း များက (အခမဲ့) ဖြန့်ဝေခဲ့ကြသည်။

အဆိုပါသတင်းစကား လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်၀န်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအ‌ဝေး အမှတ်စဉ်(၁/၂၀၂၁)၌ ပြောကြားခဲ့သည့် အမှာစကား ကောက်နုတ်ချက်၊ မူးယစ်ဆေးဝါးတို့ ရှောင်ရှား၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ မူးယစ်‌ဆေးဝါးအန္တရာယ်ကို အမျိုး သားရေးအသွင် တိုက်ဖျက်ကြရန်၊ မူးယစ်‌ဆေးသုံးစွဲရခြင်း၏အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မှတ်တမ်းဓာတ်ပုံများနှင့် အသိပညာပေးကာတွန်း စသည့်ဗဟုသုတအကြောင် းအရာများစွာတို့ကို ထုတ်နုတ် ဖော်ပြထားကြောင်းသိရသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်အတွင်းရှိ အခြေခံပညာ​ကျောင်းများမှ ကျောင်းသား/​ကျောင်းသူများနှင့် မြို့နယ်အတွင်းရှိ ပြည်သူများအား အခမဲ့ဖြန့်ဝေ ခဲ့ကြ​ကြောင်း သတင်းရရှိပါသည်။

ကြည်ဇေသော်