မောင်တော ဇွန် ၂၇
ရခိုင်ပြည်နယ် မောင်တောမြို့၌ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ခရိုင်/မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်း သားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတို့ ပူးပေါင်း၍ မိုးရာသီအခြေခံပညာအားကစားသင်တန်းများကို ယမန်နေ့ ညနေပိုင်းမှစ၍ အဆိုပါကျောင်းတွင် ဖွင့်လှစ် ပို့ချပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ မိုးရာသီအားကစားသင်တန်းများကို ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှကြီးမှူး၍ အားကစားနည်း ၃ မျိုးကို ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ အားကစားနည်းများအနေဖြင့် ဘောလုံး၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်တို့ဖြစ်ရာ မိမိတို့ဝါသနာများအတိုင်း အားကစားနည်းကို ရွေးချယ်ကာ ကျောင်းသား၊ကျောင်းသူများက တက်ရောက်လျက်ရှိပြီးမြို့နယ်အမျိုးသမီးရေးရာအဖွဲ့များမှ သင်တန်းသားများအား အချိုရည်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ အဆိုပါ အားကစားသင်တန်း များတွင် သင်တန်းသား၊ သင်တန်းသူ ၈၂ ဦးတက်ရောက်သင်ယူလျက်ရှိပြီး သင်တန်းကာလမှာ ဇွန်လ ၂၆ ရက်နေ့မှ ဇူလိုင် ၁၅ ရက်နေ့ထိ သင်ကြားပို့ချမည်ဖြစ်ကြောင်း မြို့နယ် အားကစားမှူး ဒေါ် ဆွေလှိုင်ငြိမ်းထံမှ သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်