တောင်တွင်းကြီး ဇွန် ၂၇
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် တရုတ်ကောအုပ်စု သဖန်းကုန်းကျေးရွာ စိမ်းလန်းစိုပြေသာယာလှပစေရေး ရွာဝင်လမ်းတလျောက်အား စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်(၇)နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ သစ်ပင်စိုက်ပျိုးရာတွင် တမာပင်(၂၅၀)ပင်၊ ရေတမာ၊ တောပိတောက်၊ ပန်းတမာ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ စိန်ပန်းဝါစသည့် အရိပ်ရပင်နှင့် ပန်းအလှပင် (၁၁၁)ပင် စုစုပေါင်း (၃၆၁) ပင်အား အမှတ်(၁၁၉)မူလတန်းလွန်ကျောင်းဝန်းအတွင်းနှင့် တောင်တွင်း-မကွေး ကားလမ်းမကြီးနှင့် ဆက်သွယ်ထားသည့် သဖန်းကုန်းကျေးရွာ ပြည်တော်သာလမ်းမကြီး လမ်းဘေးဝဲယာ တလျှောက်တို့တွင် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲသို့ အုပ်စုအုပ်ချုပ်ရေးမှူး ဦးခင်မောင်တိုး၊ ကျောင်းအကျိုးတော် ဆောင်များ၊ ယာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ကျေးရွာနေပြည်သူများက စည်းလုံး ညီညွတ်စွာဖြင့် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)