ကျောက်ပန်းတောင်း ဇွန်၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ အသက်(၁၈) နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ ကလေးငယ်များအား ဒုတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံခြင်းကို၊ ယမန်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ ၃၆၅ ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံခြင်းကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ လေးရွာ အခြေခံပညာအထက်တန်း ကျောင်း၊ မြို့ရှေ့အခြေခံ ပညာအထက်တန်းကျောင်းနှင့် ရွာလုအခြေခံပညာအထက်တန်းကျောင်းခွဲတို့ တွင် ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး၊ ထပ်ဆောင်း နောက်ဆုံးအကြိမ် ထိုးနှံပြီးစီးမှုကာလ (၆)လပြည့်ပြီးသူများအား ဒုတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်းနှင့် အသက်(၅)နှစKG တန်း ကလေးငယ်များအား ယခင်ထိုးနှံပြီးသူ ၁၁၀ ဦးနှင့်ယနေ့ထိုးနှံသူ ၁၄၀ ဦး ပေါင်း ၂၅၀ ဦးဖြစ်၍ အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသားကျောင်းသူ ယခင်ထိုးနှံပြီးသူ ၁၂၀ ဦး ယနေ့ ထိုးနှံသူ ၂၂၅ ဦး ပေါင်း ၃၄၅ ဦး ရှိကြောင်းသိရပြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း အသက် (၁၈)နှစ်နှင့်အထက် ပြည်သူလူထုများအား ထပ်ဆောင်းကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမှုမှာ ယခင်ထိုးနှံပြီး ၅၀၈၅ ဦး ယနေ့ထိုးနှံမှု ၆၀ ဦး ပေါင်း ၅၁၄၅ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)