ဂန့်ဂေါ ဇွန် ၂၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က(ဂန့်ဂေါ)ကျောင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲကို “မူးယစ်ကင်းစင် တို့ပြည်တခွင် ” ခေါင်းစဉ်ဖြင့် အထက်တန်း အဆင့် ကျောင်းသား/သူ (၁၆) ဦးတို့ အသီးသီးယှဉ်ပြိုင်ခဲ့ပြီး ဆုများရရှိသော ကျောင်းသား/ သူများအား ဇွန်လ(၂၈)ရက်နေ့တွင် အ.ထ.က(ဂန့်ဂေါ)ကျောင်းအုပ်ဆရာကြီး ဦးရာထွန်းက ဆုများအသီးသီး ချီးမြှင့်သွား မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဂန့်ဂေါခရိုင်ရုံးမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား လက်ကမ်းစာစောင်များအခမဲ့ ဖြန့်ဝေပြီး မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များပြသပေးခဲ့ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)