မြောက်ဦးမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများသို့ သွားရောက်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မြောက်ဦး  ဇွန်  ၂၇

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီအချိန်က အောင်တပ်ရပ်ကွက် မင်္ဂလာအောင်စေတီဘုရား ယာယီခိုလှုံရာစခန်းသို့ သွားရောက်ဖြန့်ဝေခဲ့ကြောင်း  သိရ သည်။

ထို့သို့ လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယာယီခိုလှုံရာစခန်းရှိ ပြည်သူများကို ယာယီနေရပ်စွန့်ခွာသူများ ဘေးကင်းလုံခြုံမှုရှိစေရန်၊ ဂုဏ်သိက္ခာရှိစွာနှင့် အမှီအခိုကင်းစွာဖြင့် မူလနေရပ်များသို့ ပြန်လည်အခြေချနေထိုင်နိုင်ရေးတွင် တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည်တို့နှင့်အတူ အခြားသောတိုင်းနှင့်ပြည်နယ်များတွင်လည်း ယာယီခိုလှုံရာစခန်းများရှိပြည်သူများမိမိ နေထိုင်ရာ ကျေးရွာများသို့ ပြန်လည်ပို့ဆောင်ပေးနေပြီဖြစ်ကြောင်း စသည့်တို့ကို ပြောကြား၍ အသိပညာ ပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)