ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေး

တောင်ကြီး ဇွန် ၂၇

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီ က တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

ဆက်လက်၍ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံအုပ်ကြီး ဒေါက်တာမောင်မောင်သိန်းမှ အထူးကုဆရာဝန်များ၊ သူနာပြုဆရာများတို့နှင့် တစ်ဦးချင်း မိတ်ဆက်ပေးပြီး ဆေးရုံနှင့်ပတ်သက်၍ အချက်အလက်များအား ရှင်းလင်းတင်ပြကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီး များနှင့်ဇနီး၊ ပြည်နယ်ဥပဒေချုပ်တို့က အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံအုပ်ကြီးအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ပေးအပ်ခဲ့ရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများအား လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူတို့သည် ဆေးရုံတက်ရောက်ကုသနေသော မီးဖွားလူနာများနှင့် ကလေးလူနာများတို့ကို စားစရာပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံဝန်း အတွင်းရှိ အောက်ဆီဂျင်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)