ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက်၅ နှစ်နှင့် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား/ သူ ၂၇၁ ဦး ကိုဗစ်ကာကွယ်ဆေးထိုးနှံ

ဇေယျာသီရိ ဇွန် ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာကွယ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးများထိုးနှံပေးရာတွင် ဇေယျာသီရိမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဝေယံအောင်၏ ကြီးကြပ်မှုဖြင့် ထိုးနှံပေးခြင်းဖြစ်ရာ ကာကွယ်ဆေးမထိုးမီ စာရင်းရေး သွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက်ခေတ္တစောင့် ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးခဲ့ပြီး ယနေ့တွင်ဇေယျာသီရိမြို့ နယ်အတွင်းရှိ သက်နှင်းအင်းကျေးရွာ၊ သစ်တောသုတေသနဝန်း၊ သာယာစုကျေးရွာ၊ သပြေပင်ကျေးရွာ၊ အင်းသာ ကျေးရွာ၊ ချောင်းကမ်းကြီးကျေးရွာ၊ ချောင်းဖျားကျေးရွာ၊ ညောင်ပင်ကြီးကျေးရွာ၊ ရွှေကျကျေး ရွာ၊ အောင်သာ/ မြဂနိုင်ကျေးရွာ၊ ကြို့ပင်ကျေးရွာ၊ ပုပ္ပါးကုန်းရပ်ကွက်နှင့် အင်ပင်ခုံကျေးရွာများရှိ အေခြခံပညာမူလတန်းကျောင်းများမှ ကျောင်း/ သူ ၂၇၁ ဦးအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံပေးခဲ့သည်။

ဇေယျာသီရိမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ မှ အသက်၅ နှစ်နှင့် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား/ သူများအား ဇွန်လ ၂၆ ရက်နေ့မှ ဇူလှိုင်လ ၁၀ ရက်နေ့ထိ အခြေခံပညာကျောင်းများအရောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် စတုတ္ထအကြိမ်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)