အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

အမ်း ဇွန် ၂၇

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား(၂၇-၆-၂၀၂၃)ရက်နေ့ နံနက် ၈ နာရီအချိန်တွင် အမ်းမြို့နယ်၊ အမ်း-စစ်တွေ ကားလမ်းဘေး၊ မိုင်တိုင်အမှတ် ၆/၀ အနီးရှိကံ့ကော်တစ်ထောင်ဘုရားဝင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အားအမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အမ်းမြို့နယ်သစ်တောဦးစီးဌာနတို့မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး ဒေသအတွင်း ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်လာစေရေး၊ ရာသီဥတု ကောင်းမွန်မျှတလာစေရေး၊ ပြည်သူများမှ သစ်ပင်သစ်တောများကို ပိုမိုချစ်ခင် တန်ဖိုးထားတတ်လာစေရေး ရည်ရွယ်၍ သက်တမ်းရင့် အမြင့် (၂)ပေ အထက် ပျဉ်းက တိုး(၁၂၀)ပင်၊ ပိတောက်(၅၀)ပင်၊ မဟော်ဂနီ(၇၀) ပင်၊ ရေတမာ (၅၀)ပင်၊ မန်ဂျန်ရှား (၁၇၀) ပင်၊  ကုက္ကိုလ် (၅၀)ပင်၊ ကံ့ကော်(၂၀) ပင်၊ သင်္ကန်းနက်(၇၀)ပင်၊ စုစု ပေါင်း(၆၀၀)ပင် တို့ကို  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး  ဗိုလ်မှူးချုပ် အောင်ကျော်မင်းဦးဆောင်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊  ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ ပြည်သူလူထုနှင့် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း တက်ရောက်အင်အား (၂၅၀) ဦးဖြင့် စည်ကားသိုက် မြိုက်စွာစုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း(ပြန်/ဆက်)