တောင်သာ ဇွန် ၂၇
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် မင်းတည်း-ပုဒက်စာကုန်း- ထနောင်းကုန်း လမ်းပိုင်းနှင့် ထန်းပင်ခြံ-ကူရွာ-နတ်စောင့် လမ်းပိုင်းတို့အား မိုခါမုန်တိုင်းဒဏ် ကြောင့် မိုးသည်းထန်စွာ ရွာသွန်း၍ ရေစီးဆင်းခြင်းများ ဖြစ်ပွားခဲ့ရာ သွားလာမှု အခက်အခဲ ဖြစ်ပြီး အချို့နေရာများတွင် လမ်းများ ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းပိုင်းပျက်စီးမှုများအား တောင်သာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သက်နှင်းဆွေနှင့် ဝန်ထမ်းများက သွားရောက်၍ ကွင်းဆင်းစစ်ခဲ့ရာ ပြည်သူများ သွားလာမှု အဆင်ပြေစေရေး ဆောင်ရွက်ပေးခဲ့ရာ ၂၀.၆.၂၀၂၃ ရက်နေ့တွင် လုပ်ငန်းများအားလုံး အချိန်မီဆောင်ရွက်နိုင်ခဲ့သဖြင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမဖြစ်ဘဲ သွားလာမှု အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)