မြောက်ဥက္ကလာပမြို့နယ် အ.လ.က(၄)ကျောင်းတွင် မူးယစ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသဆောင်ရွက်

မြောက်ဥက္ကလာပ ဇွန် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မူးယစ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အ.လ.က()ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိဒေါ်မြမြဝင်းက စာကြည့်တိုက်ဆိုင်ရာအကြောင်းအရာများ၊ စာပေဖတ်ရှုခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းနှင့် မူးယစ်ဆေးဝါးစတင်ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ မူးယစ်ဆေးဝါးအမျိုးမျိုး၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးအန္တရာယ်များအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍  မြို့နယ်ပြန်/ဆက်ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်အသိပညာပေးနံရံကပ်စာစောင်များကိုပြသခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ဆရာမ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများထံ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)