ဘူးသီးတောင်မြို့၌ ကျောင်းသား၊ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဘူးသီးတောင် ဇွန် ၂၇

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နေ့လည်( ၁ ) နာရီအချိန်တွင် ဘူးသီးတောင်မြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား/သူများအား (အခမဲ့) စောင်ရေ (၅၀၀) ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁)၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါး အန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မှုဝါဒများ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ စာရေးဆရာ နုခန့်ယဉ် (ရစ်ကန်ကြီး) ရေးသားသည့် မူးယစ်ဆေးဝါးတို့ရှောင်ရှားကဗျာနှင့် မူးယစ်ဆေးဝါး အသိပညာပေး ကာတွန်းများ စသည်ဖြင့် ဝေဝေဆာဆာ ဖော်ပြပါရှိကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)