မိုးကောင်း ဇွန် ၂၇
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ကျွန်းတောရပ်ကွက် ရွှေဘို-မြစ်ကြီးနားပြည်ထောင်စုလမ်းမကြီးဘေးတွင် ယနေ့နံနက် (၇)နာရီတွင် ကျင်းပသည်။
သစ်ပင်စိုက်ပျိုးအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ငုဝါ(၁၀၀)ပင်၊ စိန်ပန်း(၅၀)နှင့် ပိတောက်(၅၀)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)