မောင်တော ဇွန် ၂၇
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများသည် (၃)မိုင် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိ ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေ၊ ကျောင်းသုံး ဗလာစာအုပ်များပေးအပ်ခြင်း၊ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ မြေပြင်ကွင်းဆင်းထောက်ပံ့ခြင်းနှင့် ဓါတ်အားလိုင်းကြိုးများ ပြန်လည်သွယ်တန်း ပြုပြင်နေမှုများအား ယနေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် တာဝန်ရှိသူများသည် သုံးမိုင်လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာအားသွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် သုံးမိုင်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိ ကျောင်းသား၊ ကျောင်းသူ ၂၂၄ ဦးအနက် အသက် ၁၈ နှစ် အောက်ကျောင်းသား၊ ကျောင်းသူ ၁၇၁ ဦးအား စားစရိတ်၊ ဝတ်စုံစရိတ်နှင့် ဆန်ဖိုးများ အတွက် ထောက်ပံ့ငွေစုစုပေါင်း ၂၅၁၃၇၀၀၀ ကျပ်နှင့် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့မှ ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့သည့် ဗလာစာအုပ် ၁၁၂ ဒါဇင်တို့အား ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင်၊ ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဒေါ်စိန်သန်းကြည်တို့က ကျောင်းထိုင်ဆရာတော်နှင့် တာဝန်ရှိသူများထံသို့ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူများအနေဖြင့် အတန်းပညာရပ်များအား ကြိုးစားသင်ယူကာ နိုင်ငံတော်မှ အားကိုးအားထားရသူများ ဖြစ်ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းဘေး ကြောင့်လေဘေးသင့်ခဲ့သော ကျောက်ပန္ဒူကျေးရွာ၊ မြိုယုကျေးရွာ၊ အင်းဒင်ကျေးရွာ၊ ပဲရုံကျေးရွာနှင့် အောင်သုခ ကျေးရွာရှိ ပြည်သူများထံသို့ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ဂတ်(စ်)မီးဖို၊ ဂတ်(စ်)ဗူး၊ ပလက်စတစ် အိမ်သာခွက်နှင့် အိမ်သာပိုက်တို့အား ရွာသူ၊ ရွာသားများ လက်ဝယ်သို့ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကာ အိမ်ထောင်စုများအလိုက် ဆန်များခွဲဝေဖြန့်ဝေနေမှုများနှင့် နေအိမ်များဆောက် လုပ်နိုင်ရန်အတွက် မျှောတိုင်များ စုပုံထားရှိမှုများအား စစ်ဆေးကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ပြန်လည် ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးနေဦး၊ ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ တာဝန်ရှိသူများနှင့်အတူ မောင်တော-အငူမော်ကား လမ်းဘေးရှိ မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး ပျက်စီးခဲ့သော ၁၁ ကေဗွီ ဉဒေါင်းဖီဒါလိုင်းရှိ ပြိုလဲခဲ့သည့် ဓါတ်မီးတိုင်များနှင့် ဓါတ်အားလိုင်းကြိုးများအား သက်ဆိုင်ရာ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ဓါတ်မီးတိုင်များအစားထိုး ပြုပြင်နေမှုများနှင့် ဓါတ်အားလိုင်းကြိုးများ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)