တပ်ကုန်းမြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ၁၀၅၄ ဦး ကောက်ယူပြီး ဆက်လက်ကောက်ယူခြင်း ဆောင်ရွက်

တပ်ကုန်း ဇွန် ၂၇

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဇီဝဆိုင်ရာအချက်အလက် (Biometric Data)အတွက် နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆက်လက်ကောက်ယူလျက်ရှိ​ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး၊ ဂဏန်း(၁၀)လုံး ပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် ဇီဝဆိုင်ရာအချက်အလက်(Biometric Data)အတွက် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ဇွန် ၂၁ ရက်နေ့တွင် ကျား ၁၃၅ ဦး၊ မ ၁၁၈ ဦး၊  ဇွန် ၂၂ရက်နေ့တွင် ကျား ၁၅၀ဦး၊ မ ၁၆၇ ဦး၊ ဇွန် ၂၃ရက်နေ့တွင် ကျား ၁၁၇ ဦး၊ မ ၁၅၃ ဦး၊ ဇွန် ၂၆ရက်နေ့တွင် ကျား ၉၃ဦး၊ မ ၁၂၁ဦး  နိုင်ငံ့ဝန်ထမ်းပင်စင်စားပြည်သူပေါင်း ၁၀၅၄ ဦးအား ကောက်ယူဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရပြီး၊ ဆက်လက်ကောက်ယူလျက်ရှိကြောင်း  သိရသည်။

တင်စိုးလွင်