ဇမ္ဗူသီရိ ဇွန် ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၆) အခြေခံပညာအထက်တန်းနှင့် အမှတ် (၃၄) အခြေခံပညာ မူလတန်းလွန်ကျောင်း ကာကွယ်ဆေးထိုးစုရပ်တွင် ထိုးနှံပေးခဲ့သည်။
ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာလင်းပြည်သိမ်း၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးထိုး ကျန်းမာရေးဆရာမများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ ပူးပေါင်း၍ ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးခဲ့ပြီး ယနေ့တွင် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကာကွယ်ဆေးထိုးစုရပ်တွင် ပထမအကြိမ်၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ်မြောက် ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူပေါင်း (၁၁၀၂) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပြီးခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)