ဇမ္ဗူသီရိမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ပိုးလောက်လန်းသေ(Abate) ဆေး ခပ်ခြင်းများဆောင်ရွက်

 

ဇမ္ဗူသီရိ ဇွန် ၂၆

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ပိုးလောက်လန်းသေ(Abate)ဆေးခပ်ခြင်းများ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အောင်ဇမ္ဗူရပ်ကွက်အတွင်း၌ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးခြင်းကို ဇမ္ဗူသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဘက်စုံသားဖွားဆရာမ ဒေါ်သန်းသန်းနွယ်နှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များက ရပ်ကွက်အတွင်းရှိ ရေလှောင်ကန်များ၊ ရေစည်၊ ရေအိုးများ၊ ဘုရားပန်းအိုးများနှင့် ခြင်ပေါက်ဖွားနိုင်သော နေရာများကို လိုက်လံစစ်ဆေးခဲ့ပြီး ပိုးလောက်လန်းသေ(Abate)ဆေး ခပ်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဖုံး၊ သွန်၊ လဲ၊ စစ်ပြု လုပ်၍ ရေကိုအသုံးပြုသွားရန်နှင့်သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 

ဟိန်းသူအောင်(ပြန်/ဆက်)