အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေ

သာစည်  ဇွန် ၂၇

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းသား/သူများနှင့် ပြည်သူများ မူးယစ်ဆေးဝါးနှင့် ပတ်သက်သော အသိပညာ ဗဟုသုတများ ရရှိပြီး မူးယစ်ဆေးဝါးကို ရှောင်ကြဉ်နိုင်ရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု  တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၈ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းရှေ့၌ ကျောင်းသား/သူများနှင့် မိဘများ၊ လမ်းသွားလမ်းလာ ပြည်သူများကို အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။      

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး  အမှတ်စဉ် (၁/၂၀၂၁)၌ ပြောကြားသည့် အမှာစကားမှ ကောက်နှုတ်ချက်၊  မူးယစ်အန္တရာယ် ပြည့်ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းဆက်၊  မူးယစ်ဆေးဝါး အန္တရာယ် အမျိုးသားရေးအသွင် တိုက်ဖျက်၊ မူးယစ်ဆေး သုံးစွဲရခြင်း အကြောင်းအရင်း၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ ကျောင်းသား/လူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ စသည်ဖြင့် ကဗျာ၊ ကာတွန်းများ ပါဝင်သည့် လက်ကမ်းစာစောင် ၇၆၅ စောင်ကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။                        

မြို့နယ်(ပြန်/ဆက်)