တောက်ပြိုလက်ဝဲ ဇွန် ၂၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ မူးယစ်ဆေးဝါးအန္တာရယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နေလည်ပိုင်းက ရပ်ကွက် (၄) အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဦးသိန်းနိုင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး အသိပညာဗဟုသုတများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ဟောပြောပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးများကို သုံးစွဲမိပါက ဆိုးကျိုးများနှင့်လည်းကောင်း စိတ်ဓါတ်ကျခြင်း၊ မိမိကိုယ်မိမိသေကြောင်းကြံစည်ခြင်း၊ စိတ်ရောဂါရခြင်း၊ ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းခြင်း၊ မိသားစုစိတ်ဓာတ် လျော့နည်းခြင်း၊ ပြင်းထန်စွာစိုးရိမ်ကြောင်းကျမှုများ ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် ကျောင်းသားလူငယ်များ သိရှိလိုက်နာ သင့်သည့် အချက်များဖြစ်သော မူးယစ်ဆေးဝါး သုံးစွဲသူဘဝမရောက်ရှိရန် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် မိတ်ဖွဲ့ခြင်းကို ရှောင်ကြည်ပါ၊ မည်သည့်မူးယစ်ဆေးဝါးမှ စမ်းသပ်သုံးစွဲလိုသည့် သဘောဖြင့် မသုံးစွဲပါနှင့်၊ တစ်ခါတစ်ရံ သုံးစွဲရုံဖြင့် မူးယစ်ဆေးဝါး မစွဲနိုင်ဟု ယူဆချက်ဖြင့် သုံးစွဲသူများ ဆေးစွဲသည့်အဖြစ်သို့ ရောက်ရှိစေတတ်သည်ကိုသတိပြုပါ၊ စိတ်ညစ်ခြင်းစသည့် အချက်များကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်နှင့် စာအုပ်စာ စောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။
သိန်းနိုင်