မိုးမိတ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြော

မိုးမိတ် ဇွန် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ဇွန်လ ၂၆ ရက် နံနက် ၁၁ နာရီအချိန်တွင် အခြေခံပညာအထက်တန်းကျောင်း ပညာမြင်မိုရ်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦအောင်ဘော်က အဖွင့်အမှာစကား ပြေားကြားခဲ့ပြီး မြို့နယ်ရဲစခန်းမှ ဒုရဲအုပ်ကျော်လွင်နိုင်က ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်းအရာကိုလည်းကောင်း၊ အမှတ်(၅၈) မူးယစ်တပ်ဖွဲ့စု(မိုးမိတ်)မှ ခေတ္တတပ်ဖွဲ့စုမှူး ဒုရဲမှူး ခင်မောင်အေးက မူးယစ်ဆေးဝါးဖြစ်ပေါ်လာပုံနှင့် ဆိုးကျိုးများအကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဗီဒီယိုပြသခြင်းကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးပိုင်းစိုးဦးက ဥပဒေပိုင်ဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်းကိုလည်းကောင်း  အသီးသီးဆွေးနွေး ဟောပြောခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော (၃၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

စည်သူဌေး(ခရိုင်ပြန်/ဆက်)