ကျိန္တလီမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ကျိန္တလီ ဇွန် ၂၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက (အခမဲ့) ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါသတင်းစကား လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၁)၌ ပြောကြားခဲ့သည့် အမှာစကားမှ ကောက်နုတ်ချက်၊ “မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက်”  စသည့်ဆောင်းပါးတိုမူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ အမျိုးသားမူးယစ်ဆေးထိန်းချုပ်ရေးမူဝါဒ၊ ကျောင်းသားလူငယ်များ လိုက်နာ သင့်သည့်အချက်များ၊ “မူးယစ်အန္တရာယ်ပြည့်ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းဆက်”၊ “မူးယစ်ကိုပစ် ပန်းတိုင်သစ် စိတ်သစ်လူသစ် ဘဝသစ်” စသည့်ဆောင်ပုဒ်များ၊ ကဗျာဆရာ နုခန့်ယဉ်(ရစ်ကန်ကြီး) ရေးသားထားသည့် “မူးယစ်ဆေးဝါး တို့ရှောင်ရှား” ကဗျာနှင့်ကာတွန်းများပါရှိပြီး လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဇော်လင်း