ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော သူနာပြု (၂၁)ဦး ရန်ကုန်မြို့သို့ သွားရောက်ကူညီ တာဝန်ထမ်းဆောင်ရန် ဒုတိယအသုတ်အဖြစ် လားရှိုးမြို့မှ ထွက်ခွာ

လားရှိုး  အောက်တိုဘာ ၁၁

ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးအတွက် ရန်ကုန်မြို့သို့ သွားရောက်ကူညီ တာဝန်ထမ်းဆောင်ရန် အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ နေရာဒေသအသီးသီးတွင် တာဝန်ထမ်းဆောင် လျက်ရှိသော သူနာပြု(၂၁)ဦးမှာ ယမန်နေ့နေ နာရီအချိန်တွင် လားရှိုးမြို့မှ ထွက်ခွာသွားပြီ ဖြစ်သည်။

ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူများအား ပြုစုကုသနိုင်ရေးအတွက် ရန်ကုန်မြို့သို့ သွားရောက် ကြမည့် သူနာပြု(၂၁)ဦးကို  ယမန်နေ့ ညနေ ()နာရီအချိန်က လားရှိုးမြို့ရှိ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့်၊ လားရှိုးဆေးရုံအုပ် ကြီး ဒေါက်တာဉာဏ်မြင့်နှင့် တာဝန်ရှိသူများ အားပေးစကားများ ပြောကြားသည်။

ယင်းနောက် ခရီးစဉ်အတွင်း အသုံးပြုရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့်ပေးအပ်သည့် ကမ္ဘောဇဘဏ် လီမိတက်မှ ထောက်ပံ့ကူညီသည့် ရန်ကုန်မြို့သို့ သွားရောက်သူ ကျန်းမာရေး ဝန်ထမ်းတိုင်းအတွက် တစ်ဦးလျှင် နှစ်သိန်းကျပ်စီ ထောက်ပံ့ငွေ၊ လားရှိုးမြို့ပေါ်ရှိ စေတနာရှင် အလှူရှင်များက ထောက်ပံ့ငွေနှင့် အခြားထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ရန်ကုန်မြို့သို့ သွားရောက်ကြမည့် သူနာပြုများမှာ တန့်ယန်း၊ ကွမ်းလုံ၊ မိုးမိတ်၊ ဟိုပန်၊ နောင်ချို၊ မဘိမ်း၊ နမ့်ဆန်၊ မိုင်းရယ်၊ သိန္နီ၊ ကွတ်ခိုင်မြို့နယ်တို့မှ()ဦးစီနှင့် လောက်ကိုင်မြို့နယ်မှ ()ဦး စုစုပေါင်း(၂၁)ဦး ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း (ပြည်နယ် ပြန်/ဆက်)