အ.ထ.က-ပေါက်တောကျောင်း၌ မူးယစ်ဆေးဝါးအကြောင်းနှင့် လူကုန်ကူးမှု အသိပညာပေး ဟောပြောပွဲပြုလုပ်

ပေါက်တော ဇွန် ၂၆

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အ.ထ.က-ပေါက်တောကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

‌‌ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးက အဖွင့်အမှာစကားပြောကြားပြီး  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချစ်ကိုကိုက မူးယစ်‌‌ ဆေးဝါးအမျိုးအစားများနှင့် ၎င်းတို့၏အမျိုးအမည်များ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့်  ဖြစ်ပေါ်လာမည့်ဆိုးကျိုးများ၊  မူးယစ်ဆေးဝါး သုံးစွဲခြင်း ဖြင့် ရရှိလာမည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်‌‌‌ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဥပဒေဖြင့် ကန့်သတ်ထားသော‌ဆေးဝါးများ စသည့်မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းများကို အသိပညာပေးဟောပြောသည်။ ထို့နောက် ပေါက်တော မြို့မရဲစခန်းမှူး ဒုတိယရဲမှူး သာမောင်အေးက လူကုန်ကူးမှုတိုက်ဖျက်ရေးအကြောင်း သိကောင်းစရာများ၊ လူကုန်ကူးဖြစ်စဥ် များနှင့် မြန်မာ နိုင်ငံအတွင်း အသက်အရွယ်အလိုက် လူကုန်ကူးခံနေရမှုများနှင့် သိမှတ်ဖွယ်ရာများ လူကုန်ကူးခြင်းကြောင့် ကျခံရမည့်ပြစ်မှု၊ ပြစ်ဒဏ် များကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်းအေး၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးချစ်ကိုကို နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအဖွဲ့များ၊  အ.ထ.က-ပေါက်တောကျောင်းမှ  ဆရာ၊ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။       

မြို့နယ် (ပြန်/ဆက်)