နမ့်ဆန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့် (Grade-12)နှင့် အလယ်တန်းဆင့်(Grade-9)သင်ရိုးသစ် ခရိုင်ဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်ခြင်းအခမ်းအနား ကျင်းပ

နမ့်ဆန် ဇွန် ၂၆

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အထက်တန်းဆင့် (Grade-12)နှင့် အလယ်တန်းဆင့် (Grade-9)သင်ရိုးသစ် ခရိုင်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁)ရှိ ရွှေဖီဦးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသအဆင့်ပညာရေးမှူး ဆရာကြီး ဦးအေးထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ရာ၊ တက်ရောက်လာသော ဆရာ/မများအား ကြိုဆိုပါကြောင်း၊ Grade-12 နှင့် Grade-9 သင်ရိုးသစ်နှင့် ပတ်သက်သည့် အကြောင်းအရာအား အကျဉ်းချုပ် ရှင်းလင်းပြောကြားပြီး၊ ခရိုင်ဆင့် ကျောက်မဲခရိုင်မှ ပညာရေးမှူး ဦးကျော်ဆွေမှ အမှာစကားပြောကြားပြီး တက်ရောက်လာသော မြို့နယ်အတွင်းရှိ ဆရာ/မများအား လိုက်လံအားပေး စကားပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် မြို့နယ်အဆင့်ပညာရေးမှူး ဦးကျမူးမှ သင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြာကြောင်းသိရပြီး၊ အဆိုပါသင်တန်းအား ဇွန်လ(၁၄)ရက်နေ့မှ (၂၉)ရက်ထိ (၆)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)