ပေါင်မြို့နယ်တွင် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့အထိမ်းအမှတ်အသိပညာပေး(Talk Show)ပြုလုပ်

ပေါင် ဇွန် ၂၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့အထိမ်းအမှတ် အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက (Talk Show)ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သီတာငြိမ်းက ယနေ့ဇွန်လ(၂၆)

ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့(World Refrigeration Day) ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ယခုနှစ် ၂၀၂၃ ခုနှစ်၏ ဆောင်ပုဒ်ဖြစ်သည့် Generation Cooling : The Future is in our hands ၏ ရည်ရွယ်ချက်၊ အအေးပေးနည်းပညာများ၏ အကျိုးပြုပုံများ၊ အအေးပေးပစ္စည်းများနှင့်ကမ္ဘာ့ပတ်ဝန်းကျင်အပေါ် ဆက်စပ်သက်ရောက်မှု၊ အအေးပေးပစ္စည်းများသုံးစွဲရာတွင် သတိပြုဆင်ခြင်ရမည့်အချက်များနှင့် အအေးပေးနည်းပညာကြောင့်ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကို ပြည်သူများသိရှိ၍ ကြိုတင်ကာကွယ်နိုင်စေရန် သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အများပြည်သူများ သိရှိနားလည်စေရေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာတိုးပွားစေရေးအတွက် ယခုကဲ့သို့အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကိုပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန်ပြုလုပ်လျက်ရှိပြီး အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကိုလည်း လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)