တွံတေး ဇွန် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးရုံးတွင် ယနေ့နံနက် ၉ နာရီခွဲမှစတင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်အတွင်း ဦးတည်အုပ်စုအလိုက် အမည်စာရင်း ရယူထားသော နိုင်ငံ့ဝန်ထမ်းနှင့် မိသားစုဝင်များ အသက် (၁၈)နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံး ပါဝင်သည့် Unique lD နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်းနှင့် ဇီဝဆိုင်ရာ အချက်အလက်(Biometric) ကောက်ယူခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ နေ့စဉ်စနေ၊ တနင်္ဂနွေနှင့် အခြားရုံးပိတ်ရက်မပါ နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီအထိ သတ်မှတ်စုရပ်နေရာတွင် ဆောင်ရွက်ပေးလျက်ရှိပြီး လာရောက်ဆောင်ရွက်သူများ အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။
ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူပြီးသူများ၏ Biographic Data နှင့် Biometric Data များကို Database တွင် သိမ်းဆည်းကာ ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ပါ ကတ်ပြားများကို နေ့ချင်းပြီး ထုတ်ပေးခဲ့ပြီး အဆိုပါလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ခရိုင် လ.ဝ.က ဦးစီးမှူး ဦးအောင်ကျော်ဦး၊ မြို့နယ် လ.ဝ.ကဦးစီးမှူး ဦးဝင်းမြင့်ဦးတို့မှ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တွံတေးသား