ရှင်ဗွေယန် ဇွန် ၂၆
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ရှင်ဗွေယန်မြို့ အမှတ်(၂) ရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင် မြို့ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေး စောင်ရှောက်ရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်မှူးများ စုပေါင်းကာ ယနေ့ နံနက် ၈ နာရီက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်စေရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် ပုံး၊ မြေအိုး၊ တာရာ၊ ရေကန်အဟောင်းနှင့် ရေတိုင်ကီ အဟောင်းများရှိ ညစ်ညမ်းရေများကို သွန်ပေးခြင်း၊ အဖုံးမပါသော ရေအိုး၊ ရေကန်များကို ဖုံးပေးခြင်း၊ ပိုးလောက်လန်း ရှိ/မရှိ စစ်ဆေးပေးခြင်း၊ ရေကန်နှင့်ရေစည်များထဲတွင် အဘိတ်ဆေး ခတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ရှင်ဗွေယန်(ပြန်/ဆက်)