လှိုင်သာယာ(အနောက်ပိုင်း) အောက်တိုဘာ ၉
ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့ကျစေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ရည်ရွယ်၍ အပြင်ပဒံ ကျေးရွာ အုပ်ချုပ်ရေးမှူးဦးအောင်မြင့်ထွန်းဦးဆောင်၍ အပြင်ပဒံကျေးရွာအတွင်းရှိ အဆောင် ပိုင်ရှင်များ၊ ကုန်သည်များ လုပ်ငန်းရှင် ပြည်သူများပူးပေါင်း၍ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်သမား အခြေခံလူတန်းစား အိမ်ထောင်စုများ ပြည်သူများအား ဆန်များ ဖြန့်ဝေလှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီက အပြင်ပဒံကျေးရွာ ခိုင်ရွှေဝါလမ်း၊ ခိုင်ရတနာလမ်းနှင့် မြိုင်ကျွန်းသာ လမ်းတို့တွင် ပေးအပ်လှူဒါန်းသည်။
အဆိုပါ လှူဒါန်းရာတွင် အပြင်ပဒံကျေးရွာ အတွင်းရှိ အိမ်ထောင်စု (၇၀၀)ခန့်အား တစ်အိမ် ထောင်စုလျှင် ဆန်(၂)ပြည် နှုန်းဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စေတနာ့ဝန်ထမ်းများက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်လှူဒါန်းခဲ့ပြီး လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် ပြည်သူများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မိမိတို့ ရပ်ကွက်၊ ကျေးရွာများ အတွင်း ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)