လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လတ်တ လော Lockdown ချထားသော အိမ်ထောင်စုများဝင်များအား  မြန်မာကိုင်ဒို(MK-Cဝ,LTD)မှ ဆန် (၁၈၀)အိတ် ထောက်ပံ့လှူဒါန်း

လှိုင်သာယာ(အရှေ့ပိုင်း) အောက်တိုဘာ ၉  

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လတ်တလော Lockdown ချထားသော အိမ်ထောင်စု   (၁၀၂၈)စု တို့ကို ဆန်အိတ်(၁၈၀)အိတ်ဖြင့် တန်ဖိုးငွေကျပ် (၅,၁၆၆,၀၀၀)တို့အား မြန်မာကိုင်ဒို (MK-Co,LTD)မှ ယမန်နေ့နံနက်ပိုင်းက ထောက်ပံ့ လှူဒါန်းခဲ့သည်။

ထိုသို့ ထောက်ပံ့လှူဒါန်းရာ၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက် ရာတွင် လတ်တလော Lock down ချထားသည့် အိမ်ထောင်စုများအား နေထိုင်စားသောက်ရေး အဆင်ပြေစေရန်နှင့် အထောက်အကူဖြစ်စေရန် မြန်မာကိုင်ဒို (MK-Cဝ,LTD) မှ ထောက်ပံ့ လှူဒါန်းသော အိမ် ထောင်စု (၁၀၂၈)စုကို ဆန် (၁၈၀) အိတ်ဖြင့် တန်ဖိုးရှိ ငွေကျပ် (၅,၁၆၆,၀၀၀)တို့အား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ မှ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင် က လက်ခံ ရယူခဲ့ပြီး လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အ  တွက် လတ်တလော Lockdown ချထားသော အိမ်ထောင်စုများဝင်များအားမြန်မာကိုင်ဒို(MK−Cဝ,LTD) မှ ဆန်(၁၈၀) အိတ် ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရှိရသည်။

 ထွန်းထွန်းနိုင်(ပြန် /ဆက်)