ကျိုက်မရော ဇွန် ၂၆
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကင်းစင်၍ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီမှစတင်ကာ စတုတ္တအကြိမ်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာ၌ အသက် ၅ နှစ် KG တန်းကလေးများအား ပထမအကြိမ်ထိုးနှံပေးပြီး အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား စတုတ္တအကြိမ် ထိုးနှံပေးတာဖြစ်ကြောင်း သိရသည်။
မူလတန်းအဆင့်ကလေးများ ကာကွယ်ဆေးထိုးနှံရာ၌ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူကလေးများအား အပူချိန်တိုင်းတာခြင်းနှင့်ကျန်းမာရေးစစ်ဆေးခြင်းများကို စနစ်တကျဆောင်ရွက်ပေးပြီးမှသာ ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးစုရပ်များ၌ ကျန်းမာရေးဝန်ထမ်းများအား မိဘများနှင့် ဆရာ၊ ဆရာမများပူးပေါင်းကာ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ယနေ့ ကာကွယ်ဆေးထိုးနှံပေးရာ၌ ဆေးထိုးစုရပ်(၃)ခုဖြစ်သော အ.ထ.ကကျိုက်မရော၊ အမက(မူလွန်)ကလိုင်းကနိုင်ကျောင်းနှင့် အ.မ.က.ဘိန်းဗျောကျောင်း၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၇၄၅)ဦးတို့အား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)