မိုင်းလုံ ဇွန် ၂၆
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စုစုဝင်းကစာအုပ်စာစောင်ပြပွဲကို လာရောက်ကြည့်ရှုသော ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သိသင့်သည့်အကြောင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲမိလျှင် ခံစားရသောဆိုးကျိုးများကို ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲတွင် ပြသထားသော စာအုပ်များကိုဖတ်ရှုကြပြီး အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ထားရှိမှုများကို စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)