ငါ့သရောက်မြို့၌ မိုးဦးကာလတွင်စတင် စိုက်ပျိုးထားသော နှမ်းစိုက်ခင်းများ အထူးကောင်းမွန် လျက်ရှိ

ငါ့သရောက် ဇွန် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၌ မိုခါမုန်တိုင်းမိုးရွာသွန်းမှု့နှင့်အတူ စတင်စိုက်ပျိုးခဲ့သော နှမ်းစိုက်ခင်းများ အထူးကောင်မွန်လျက် ရှိကြောင်းသိရသည်။

မိုခါမုန်တိုင်းတိုက်ခက်ခြင်းနှင့်အတူ စတင်ရွာသွန်းခဲ့သောမိုးကြောင့် တောင်သူများ အကြိုက်တွေ့ကာ နွေရာသီအချိန်က ထယ်ရေးကြိုတင် ပြင်စင်ထားလျက်ရှိရာ နှမ်းများစတင်စိုက်ပျိုးရန်အတွက် လုံလောက်သောအစိုဓာတ်ရရှိသောကြောင့် တောင်သူအများစုဟာ နှမ်းများစတင်ပျိုးခဲ့ကြပြီး ယခုအခါ အပင်များ အဖူးအပွင့် များဖြင့် အထူးကော်းမွန်လျက်ရှိကြောင်း တောင်တောကျေးရွာ နှမ်စိုက်တောင်သူများထံမှသိရသည်။ မိုခါမုန်တိုင်းနဲ့အတူ ရွာခဲ့တဲ့မိုးကြောင့် တောင်သူများအတွက် လိုအပ်သော အစိုဓာတ်ရရှိကာ စတင်စိုက်ပျိုးကြပြီး နောက်မိုးများလည်း အဆက်မပြက်ရွာသွန်းခဲ့သောကြောင့် နှမ်းစိုက်ခင်းများ အထူးကောင်မွန်၍ နှမ်းခင်းများ မှာ ရရန်သေခြာနေပြီး အပင်များအတွက်လိုအပ်သော မိုးရေပုံမှန်ရရှိလျင် နောက်အချိန် အထွက်နှုန်းမှာ တစ်ဧကကို နှမ်း (၁၀) တင်းမှ (၁၅) တင်းထွက်မည် ဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။

(ပြန်/ဆက်)