မိုင်းလုံ ဇွန် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်(၉)နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း၊ ဌာနဆိုင်ရာများနှင့် ပြည်သူများကို ဖြန့်ဝေပေးခဲ့သည်။
လက်ကမ်းစာစောင်တွင် မူးယစ်နှင့်ပတ်သက်သည့် ဆောင်ပုဒ်များ၊ မူးယစ်ဆေးဝါးတို့ရှောင်ရှား၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ ကျောင်းသားလူငယ်များသိရှိလိုက်နာ သင့်သည့်အချက်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက်၊ ထိထိရောက်ရောက်ရှာဖွေဖော်ထုတ်၊ မူယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်တိုက်ဖျက်ရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သည့်ပုံရိပ်များ၊ ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များနှင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အကြောင်းအရာများ ကဏ္ဍစုံလင်စွာပါရှိကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင်ပါရှိသည့် မူးယစ်ဆေးဝါး၏ဆိုးကျိုးများကို ကျောင်းသား/ ကျောင်းသူများနှင့် မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)