ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ပံ့သကူမဟာထေရ်ဂူဘုရားရှိ နံရံဆေးရေးပန်းချီများနှင့် ဘုရား တည်ဆောက်ပုံဗိသုကာလက်ရာများကိုလေ့လာနိုင်

ညောင်ဦး  ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးလာရောက်သည့်အခါ  သပိတ်မှောက်ဂူဘုရား(ခေါ်)ပံ့သကူမဟာထေရ်ဂူဘုရားရှိ နံရံဆေးရေးပန်းချီများနှင့်ဘုရားတည်ဆောက်ပုံ ဗိသုကာလက်ရာများကိုလေ့လာနိုင် ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သပိတ်မှောက်ဂူဘုရား(ခေါ်)ပံ့သကူမဟာ ထေရ်ဂူဘုရားသည် အရှင်ပံ့သကူမဟာထေရ် သပိတ် မှောက်သည့်လုပ်ရပ်ကို အစွဲပြုကာ သပိတ်မှောက် ဘုရားဟုအမည်တွင်ခဲ့ဟန်ရှိကြောင်း၊ စူဠာမဏိဘုရားကြီး တည်ဆောက်ပြီးစဉ်က ပိုသောအုတ် များကို အသုံးပြု တည်ဆောက်ခဲ့သည်ဟူ၍လည်းကောင်း၊ ခရစ်နှစ် ၁၁၈၆ ခုနှစ်တွင် နရပတိစည်သူမင်းကြီးတည်ခဲ့သည်ဟုလည်းကောင်းသိရှိရသည်။ စူဠာမ ဏိစေတီနှင့်ပုံစံတူ တည်ဆောက်ထားကြောင်း သမိုင်းမှတ်တမ်းများအရသိရပြီး သုံးထပ် လိုဏ်ဂူဘုရားတစ်ဆူဖြစ် ပြီး (၁၉၇၅)ခုနှစ်က ဖြစ်ပွားသောငလျင်ဒဏ်ကြောင့် စေတီ၏ အတွင်းပိုင်းတွင်ပျက်စီးမှုများရှိခဲ့ ပြီး (၂၀၁၆)ခုနှစ်တွင်ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ထပ်မံ ပျက်စီးမှုရှိခဲ့ကြောင်းသိရကာ ဘုရားကြီး တိုက်မအတွင်းပိုင်း နံရံဆေးရေးပန်းချီများနှင့် ဘုရားကြီးတည်ဆောက်ပုံ ဗိသုကာလက်ရာများ ကိုလည်းလေ့လာနိုင်ကြောင်းသိရသည်။

ပံ့သကူမဟာထေရ်ဂူဘုရား၏ အရှေ့တောင်ဘက်တွင် ပြဿဒ်ကြီးဘုရား၊ အိုးထိန်းတောင်၊ တောင်ဘက်တွင် ဓမ္မရာဇကဘုရား၊ အနောက်ဘက်တွင် ဓမ္မရံကြီးဘုရားနှင့် ရွှေနန်းရင်တော ကျောင်းတိုက်အစုအဝေး၊မြောက်ဘက်တွင် ဘုလည်သီးဘုရားနှင့်ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေထဲတွင် ဘုရား၊ စေတီ၊ ပုထိုး ၃၈၂၂ ဆူကိုလည်း၊ မတူညီသောတည်ထားမှု ပုံစံ အမျိုးမျိုး တို့ဖြင့် ဘုရားများကိုဖူးမြှော်လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ၊ ပုဂံဌာနခွဲ၊တာဝန်ရှိသူများထံက သိရသည်။

ဒီပါလင်း