မိုင်းဖြတ် ဇွန် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၆ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ဇွန်လ ၂၃ရက်၊ နံနက် ၁၀နာရီက အ-ထ-က (ဟိုနား)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ကျောင်းသား၊ကျောင်းသူများသည် နိုင်ငံတော်၏အားထားရာ အနာဂတ်လူငယ်များဖြစ်ကြသည့် အတွက် မူးယစ်ဆေးသုံးစွဲသူဘဝ မရောက်ရှိစေရေး၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းအရင်းများ၊ မူးယစ်ဆေးသုံးဝါး သုံးစွဲမိပါက ဖြစ်ပေါ်နိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများကို ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးရာဇာဝင်းထွန်းက သဘာဝဘေးအန္တရာယ်သည် အချိန်မရွေး၊နေရာမရွေး၊ ဒေသမရွေးဖြစ်ပေါ်နိုင်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ခြင်းသည် အရေးကြီးကြောင်း၊ သဘာဝဘေးတစ်ခုခုဖြစ်ပေါ်ကြုံတွေ့ခံစားရပက လိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းပြောကြား ခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြပြီး သတင်းစကား လက်ကမ်းစာစောင်များကို (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)