လောက်ကိုင် ဇွန် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် ကိုးကန့်ညီနောင် ဂေါက်ကလပ်အသင်းမှ “နဂါးလှေလှော်ပွဲတော်” ချစ်ကြည်ရေးဂေါက်ရိုက်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းရှန်ချိန် ဂေါက်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ချစ်ကြည်ရေး ဂေါက်ရိုက်ပြိုင်ပွဲကို အားကစားစိတ်ဓာတ်ဖြင့် အသင်းသားအချင်းချင်း ချစ်ကြည်ခင်မင်ရင်းနှီးစွာ ဖလှယ်မှုများ ရရှိစေရန် ရည်ရွယ်၍ ကျင်းပခဲ့ကြကြောင်း သိရသည်။
ထို့နောက် အခမ်းအနားသို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းမြေ့ထွန်း၊ ဂေါက်ကွင်း စီမံခန့်ခွဲရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ကျုံးကျန့်ချန်း၊ ဒုတိယအတွင်းရေးမှူး ဦးရဲဟန်နှင့် ဂေါက်ရိုက်ပြိုင်ပွဲဝင် အားကစား သမားများ စုစုပေါင်းအင်အား (၅၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ညိုညိုဝင်း (လောက်ကိုင်)