တံတားဦးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲကျင်းပ

တံတားဦး ဇွန်၂၅

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်( Community Centre) ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပကြောင်းသိရသည်။

အဆိုပါစာအုပ်စာစောင်ပြပွဲတွင် မြို့နယ္ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦဂဘိုမောင်က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် တွေ့ကြုံရမည် ဆိုးကျိုးအန္တရာယ် လက္ခဏာများ၊  မူးယစ်ဆေးဝါးသုံးစွဲသူများတွင်တွေ့ရသော အမူအကျင့်၊ အလေ့အထများ၊ မူးယစ်ဆေးဝါးသုံးစွဲသူအား ပြုလုပ်ပေးသင့်သောအကြောင်းအရာများ၊ မူးယစ်ဆေးဝါး ရောင်းချသူနှင့် သုံးစွဲသူတို့အား အရေးယူ နိုင်သည့် ပြစ်မှုနှင့် ပြစ်ဒဏ်များကို ရှင်းဆွေးသည်။

ဆက်လက်၍ အ.ထ.က၊ တံတားဦး ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးနှင့် ပတ်သတ်သည့် စာအုပ်စာစောင် များကို စိတ်ဝင်တစား လေ့လာဖတ်ရှုမှတ်သားကြကြောင်းသိရသည် ။

ရဲတင့်( ပြန်/ဆက်)