မဟာအောင်မြေ ဇွန် ၂၄
မဟာအောင်မြေမြို့နယ် မဟာမြိုင် (၁) ရပ်ကွက်၊ မဟာမြိုင် (၂) ရပ်ကွက် ၆၂×၆၆ လမ်းကြား၊ ၄၃ လမ်းတွင် ယနေ့နံနက်ပိုင်းက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မိုးရာသီ သစ်ပင်စိုက်ပွဲတော် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပွဲတော်သို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ စည်ပင်သာယာရေးဝန်ကြီးဌာနဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးဝန်ကြီးဌာနဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီးဌာနဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီးဌာနဝန်ကြီး ဦးအောင်မင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရဲမှူးချုပ်စိန်လွင်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနဝန်ကြီး ဦးစိုင်းနွမ်၊ တိုင်းဒေသကြီးဉပဒေချုပ်ရုံး ဉပဒေချုပ်ဦးမြင့်အောင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်လွင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-ခရိုင် အုပ်ချုပ်ရေးမှူး ဦးဝင်းမော်၊ မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ဦး၊ ဌာနဆိုင်ရာဝန်ထမ်းများမှ ခရ (၁၀၀) ပင်၊ ဖွားဖက်တော် (၉၂) ပင်၊ တမာ (၉၂) ပင်၊ မယ်ဇယ် (၅၇) ပင်၊ ကံ့ကော် (၃၁) ပင်၊ တပေဘူတ (၂၈) ပင် စုစုပေါင်း (၄၀၀) ပင်အား စုစုပေါင်းအင်အား (၂၅၀) ဦးဖြင့် စိုက်ပျိုးခဲ့ကြောင်းသိရသည်။
အောင်ဇော်မင်း