ဘီးလင်း ဇွန် ၂၅
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာနေဗီယာမြက် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့၊ နံနက် ၁၀ နာရီက ကဇိုင်းကျေးရွာ အုပ်စု ဘန့်ဘွေးကုန်းကျေးရွာရွာရှိ တောင်သူတစ်ဦး၏စိုက်ပျိုးမြေ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွင်းသရုပ်ပြသ စိုက်ပျိုးရာတွင်၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဥမ္မာနှင်းနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်မွေးမြူရေး လုပ်ကိုင်ကြသူ များတက်ရောက် စိုက်ပျိုးခဲ့ကြသည်။
မွေးမြူရေး လုပ်ငန်းရှင်များအနေဖြင့် တိရစ္ဆာန်အစားအစာ နေဗီယာမြက် စိုက်ပျိုးခြင်းဖြင့် လွှတ်ကျောင်းစနစ်မှ ခြံလှောင်အစာကျွေးစနစ်ဖြင့် ဆောင်ရွက်နိုင်ပြီး မွေးမြူရေး လုပ်ငန်းများဖွံ့ဖြိုးလာစေရန်၊ အစာရှားပါးချိန်တွင် အဟာရကြွယ်ဝသော အစာအဖြစ် ကျွေးမွေးနိုင်ရန်နှင့် ပြည်တွင်း ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်းများအတွက် အာဟာရဓာတ်မြင့်မားပြီး အထွက်နှုန်းကောင်းသော တိရစ္ဆာန်အစာများ ဖူလုံစွာသုံးစွဲနိုင်ရေး ရည်ရွယ်ကြောင်း မြို့နယ်အတွင်းရှိ ကျွဲ နွား၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့်နေဗီယာ မြက် စိုက်ပျိုးနိုင်ရေးအတွက်ဌာနမှလည်းပျိုးပင်များကို အခမဲ့ဖြန့်ဖြူးပေးလျက်ရှိကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မြို့နယ် (ပြန်/ ဆက်)