မရမ်းကုန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ အလုပ်အမှုဆောင်များအား တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ အလုပ်အမှု‌ဆောင်များအား တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲကရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ Hotel Yangon ၌ ကျင်းပသည်။ အခမ်းအနားကို မရမ်းကုန်းမြို့နယ်၊ အ.လ.က(၅)မှ ကျောင်းသား၊ ကျောင်းသူလေးများ ဂါဝရပြုကြိုဆိုကြပြီး ပညာရေးဌာနမှ ဒေါ်ခင်ယုယမော်က မရမ်းကုန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဂုဏ်ပြုကဗျာအားဖတ်ကြားသည်။

ဆက်လက်၍ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးနှင့် မရမ်းကုန်းခရိုင် စီမံ (၁) ဒုတိယဗိုလ်မှူးကြီး ဖြိုးအောင်ဟိန်းတို့က အမှာစကား အသီးသီးပြောကြားကြသည်။ ယင်းနောက် မရမ်းကုန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးမျိုးဇေယျာက မရမ်းကုန်းခရိုင်ဖွဲ့စည်းမှုနှင့် တာဝန်ပေးအပ်မှု ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ခရိုင်နှင့်မြို့နယ်အလုပ်အမှုဆောင်များအား တာ‌ဝန်ပေးအပ်လွှာများ ပေးအပ်သည်။

ထိုနောက်အလှူရှင်များက အလှူငွေများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ ယနေ့ရရှိခဲ့သော လှူဒါန်းမှုငွေစုစုပေါင်းမှာ ငွေကျပ်ရှစ်ဆယ့်တစ်သိန်းလက်ခံရရှိခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ပညာရေးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများအား ဂုဏ်ပြုဆုချီးမြှင့်ပေးပြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ ဆက်)